FAQ for COVID-19 Vaccination
Beijing Institute of Biological Products (BIBP) မှ ထုတ်လုပ်ထားသော Sinopharm ကာကွယ်ဆေး အမျိုးအစားဖြစ်ပါသည်။ အများပြည်သူတစ်ဦးတစ်ယောက်ချင်းစီအတွက် ကာကွယ်ဆေး အကြိမ်ရေ တစ်ကြိမ်နှင့် တစ်ကြိမ် ၂၁ရက်မှ ၂၈ ရက် ခြား၍ ထိုးရပါမည်။ ပန်းလှိုင်ဆေးရုံ (လှိုင်သာယာ၊ မန္တလေး၊ တောင်ကြီး)၊ ပန်းလှိုင်ဆေးခန်း (တော်ဝင်၊ သန်လျင် ကြယ်စင်အိမ်ရာ)၊ နှင့် ပန်းလှိုင် COVID-19 ကာကွယ်ဆေးစင်တာ (လှိုင်သာယာ Dulwich) တို့တွင် သွားရောက်ဝယ်ယူ၍ ငွေသားဖြင့် ပေးချေသော် နှစ်ကြိမ်စာအတွက် ဈေးနှုန်းမှာ မြန်မာကျပ် ၇၀,၀၀၀ ဖြစ်ပါသည်။ ပန်းလှိုင်ဆေးရုံ ဝက်ဘ်ဆိုက် [ https://www.punhlainghospitals.com/covid-19-vaccination/] တွင် အွန်လိုင်းမှတဆင့် ဝယ်ယူရာတွင် Wavepay ဖြင့် ငွေပေးချေသော် မြန်မာကျပ် ၇၀,၀၀၀ ဖြစ်ပါသည်။ 2C2P (MPU, Visa, Kpay, CBpay) တို့ဖြင့်ပေးချေသော် မြန်မာကျပ် ၇၀,၀၀၀ ကျပ် နှင့် အွန်လိုင်းမှ လွှဲခ မြန်မာကျပ် ၃,၀၀၀ ဖြစ်ပါသည်။
Booster Shot/3rd Dose အတွက် အစီအစဉ်ရှိပါသည်။ Sinopharm ကာကွယ်ဆေး (၂) ကြိမ်ထိုးထားပြီးသူများဖြစ်ရပါမည်။ (၂) ကြိမ်ထိုးပြီး နောက် (၄) လ မှ (၆) လခြားလျှင် ထိုးနှံနိုင်ပသည်။ အသက် (၁၈) နှစ်အောက်များ ထိုးနှံခွင့်မပြုပါ။ ကျန်းမာရေးဝန်ကြီးဌာန ခွင့်ပြုချက်ဖြင့် ကိုယ်ဝန်ဆောင် နှင့် နို့တိုက်မိခင်များ ထိုးနှံနိုင်ပါသည်။
၂၀၂၁ ခုနှစ်၊ မေလ (၇) ရက်နေ့မှစတင်၍ WHO မှ အရေးပေါ်သုံးခွင့်ပြုချက် (EUA) အသိအမှတ်ပြုထားပါသည်။
Yes, the Vaccine we are bringing into Myanmar are locally approve by MOH and FDA. One and only available vaccine in Myanmar currently (Private Sector) for now
ကျန်းမာရေးဦးစီးဌာန (MOH) နှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) အသိအမှတ်ပြုဖြစ်ပါသည်။ မြန်မာနိုင်ငံ၌ လက်ရှိတစ်ခုတည်းသော ခွင့်ပြုချက် ရရှိထားသည့် ပုဂ္ဂလိကဆေးရုံဖြစ်ပါသည်။
COVID-19 ကာကွယ်ဆေးများကို အပူချိန် ၂ မှ ၈ ဒီဂရီ စင်တီဂရိတ်အတွင်း သိုလှောင်ထားပါသည်။ ပိုမိုစိတ်ချလုံခြုံစေရန် နှင့် Cold Chain နှင့်အညီရှိနေစေရန် နာရီနှင့်အမျှ လေ့လာစောင့်ကြည့်ပါသည်။
The booking vouchers are available to purchase
- Pun Hlaing Hospitals and Clinics (HTY, TWC, MDY, TGY)
- Pun Hlaing COVID-19 Vaccine Centres (HTY Dulwich)
- Online at our Pun Hlaing website at https://www.punhlainghospitals.com/covid-19-vaccination/
ပန်းလှိုင်ဆေးရုံ (လှိုင်သာယာ၊ မန္တလေး၊ တောင်ကြီး) နှင့် ပန်းလှိုင်ဆေးခန်း-တော်ဝင် နှင့် ပန်းလှိုင် COVID-19 ကာကွယ်ဆေးစင်တာ (လှိုင်သာယာ Dulwich) တို့တွင် သွားရောက်ဝယ်ယူနိုင်ပါသည်။ ဒါ့အပြင် ပန်းလှိုင်ဆေးရုံ ဝက်ဘ်ဆိုက် [ https://www.punhlainghospitals.com/covid-19-vaccination/] တွင် အွန်လိုင်းမှတဆင့် ဝယ်ယူနိုင်ပါသည်။
လက်ငင်းငွေသားဖြင့်သော်လည်းကောင်း၊ အွန်လိုင်းငွေပေးချေမှုများ WavePay, KBZPay, CBPay, MPU, Visa, Master cards တို့မှသော်လည်းကောင်း အဆင်ပြေလွယ်ကူစွာ ပေးချေနိုင်ပါသည်။
၈။ COVID-19 ကာကွယ်ဆေးထိုးပေးမည့် နေရာတွေကရော ဘယ်နေရာတွေလဲ?
ကျန်းမာရေးဦးစီးဌာန (MOH) နှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) အသိအမှတ်ပြုထားရုံသာမက မြန်မာတစ်နိုင်ငံလုံး၌ တည်ရှိပြီး ရန်ကုန်၌ ပန်းလှိုင်ဆေးရုံ-လှိုင်သာယာဘေးရှိ Dulwich College၊ ပန်းလှိုင်ဆေးခန်း (သန်လျင် ကြယ်စင်အိမ်ရာ)၊ မန္တလေး နှင့် တောင်ကြီးတို့တွင် ကာကွယ်ဆေးထိုးနှံနိုင်ပါသည်။
By using the Booking Code from Vaccine Vouchers, self-registration can be done on the Pun Hlaing website through https://www.punhlainghospitals.com/covid-19-vaccination/. Please make sure to read the terms and conditions prior to Booking. Do fill in the details in Myanmar language as per your NRIC.
ဝယ်ယူထားသည့် ဘောက်ချာထဲရှိ ဘိုကင်ကုတ် ကိုအသုံးပြု၍ ပန်းလှိုင်ဆေးရုံ ဝက်ဘ်ဆိုက် [ https://www.punhlainghospitals.com/covid-19-vaccination/ ] မှ မိမိကိုယ်တိုင် စာရင်းပေးသွင်းနိုင်ပါသည်။ ဘိုကင်မပြုလုပ်မီ စည်းကမ်းသတ်မှတ်ချက်များအား သေချာစွာ ဖတ်ရှုပါ။ မှတ်ပုံတင်အတိုင်း မြန်မာဘာသာဖြင့်သာ ဖြည့်စွက်ရပါမည်။
ဖော်ပြပါ ပန်းလှိုင်ဆေးရုံ ဝက်ဘ်ဆိုက် [ https://www.punhlainghospitals.com/covid-19-vaccination/ ] သို့သွားရောက်၍ တစ်ကြိမ်သာ ပြန်လည်ပြင်ဆင်ခွင့်ရှိပါသည်။
မိမိ၏ဘိုကင်ကုတ်နှင့်အတူ ဖုန်းခေါ်ဆိုမှုစင်တာ ၀၁ ၂၃ ၉၉ ၂၂၂ သို့ မနက် ၈ နာရီမှ ၅ နာရီ အတွင်းဆက်သွယ်ဆောင်ရွက်နိုင်ပါသည်။
မိမိ၏ဘိုကင်ကုတ်နှင့်အတူ ဖုန်းခေါ်ဆိုမှုစင်တာ ၀၁ ၂၃ ၉၉ ၂၂၂ သို့ မနက် ၈ နာရီမှ ၅နာရီအတွင်း ဆက်သွယ်ဆောင်ရွက်၍ တစ်ကြိမ်သာ ပြောင်းလဲနိုင်ပါသည်။ ပထမအကြိမ်ဆေးထိုးထားခြင်းမရှိသည့် ဘိုကင်ကုတ်ကိုသာခွင့်ပြုပါသည်။
ပန်းလှိုင်ဆေးရုံမှ လူကြီးမင်း၏ ကာကွယ်ဆေးထိုးခြင်း ပထမ အကြိမ် နှင့် ဒုတိယအကြိမ် မှတ်တမ်းပါဝင်သော အသိအမှတ်ပြုလက်မှတ်အား ကျန်းမာရေးဝန်ကြီးဌာန၏ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဒုတိယအကြိမ်ထိုးနှံပြီးချိန်တွင် ပေးအပ်သွားမှာ ဖြစ်ပါသည်။
COVID-19 ကာကွယ်ဆေးထိုးပြီးနောက် မိနစ် (၃၀) မျှ ကျန်းမာရေးအခြေအနေအား စောင့်ကြည့်စစ်ဆေးခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။ ပြီးနောက် ရေချိုးနိုင်ပါသည်။ ကျန်းမာရေးအခြေအနေများကြောင့် မသေချာ မရေရာမှုများ ဖြစ်ပေါ်နေပါက ပန်းလှိုင်ဆေးရုံ၏ TeleHealth ၀၁ ၂၃ ၉၉ ၂၂၂ သို့ဆက်သွယ်၍ တိုင်ပင်၊ ဆွေးနွေးနိုင်ပါသည်။
COVID-19 ကာကွယ်ဆေးထိုးပြီး ၄၈ နာရီလောက် ဆေးလိပ်၊ အရက် ရှောင်ကြဉ်သင့်ပါသည်။ ကျန်းမာရေးအခြေအနေများကြောင့် မသေချာ မရေရာမှုများ ဖြစ်ပေါ်နေပါက ပန်းလှိုင်ဆေးရုံ၏ TeleHealth ၀၁ ၂၃ ၉၉ ၂၂၂ သို့ဆက်သွယ်၍ တိုင်ပင်၊ ဆွေးနွေးနိုင်ပါသည်။
ပန်းလှိုင်ဆေးရုံ၏ TeleHealth ၀၁ ၂၃ ၉၉ ၂၂၂ သို့ဆက်သွယ်၍ တိုင်ပင်၊ ဆွေးနွေးနိုင်ပါသည်။
လုံလောက်သော ကာကွယ်မှုရရှိနိုင်ရန် တူညီသော COVID-19 ကာကွယ်ဆေးအား (၂) ကြိမ် ပြည့်မီအောင် ထိုးရပါမည်။ ပထမတစ်ကြိမ်ပြီးနောက် ၂၁ ရက်မှ ၂၈ ရက်ခြား၍ ဒုတိယအကြိမ်ထိုးနှံနိုင်ခြင်းမှာ အကောင်းဆုံးဖြစ်သည်။
မိမိပြသနေကြ အထူးကု (သို့) ပန်းလှိုင်ဆေးရုံ၏ TeleHealth ၀၁ ၂၃ ၉၉ ၂၂၂ သို့ဆက်သွယ်၍ တိုင်ပင်၊ ဆွေးနွေးနိုင်ပါသည်။
အာဟာရ သင့်တင့်မျှတစွာ စားသောက်ဖို့ အကြံပေးလိုပါသည်။ ပန်းလှိုင်ဆေးရုံ၏ TeleHealth ၀၁ ၂၃ ၉၉ ၂၂၂ သို့ဆက်သွယ်၍လည်း တိုင်ပင်၊ ဆွေးနွေးနိုင်ပါသည်။
လုံလောက်သော ကာကွယ်မှုရရှိနိုင်ရန် တူညီသော COVID-19 ကာကွယ်ဆေးအား (၂) ကြိမ် ပြည့်မီအောင် ထိုးရပါမည်။ COVID-19 ကာကွယ်ဆေးများသည် လဲလှယ်အစားထိုး၍မရပါ။
ရာသီတုပ်ကွေး ကာကွယ်ဆေး (သို့) အခြားသော ကာကွယ်ဆေးများ နှင့် COVID-19 ထိုးနှံခြင်းအား ၁၄ ရက် ခြား၍ ထိုးနှံသင့်ကြောင်း အကြံပြုလိုပါသည်။ ပန်းလှိုင်ဆေးရုံ၏ TeleHealth ၀၁ ၂၃ ၉၉ ၂၂၂ သို့ဆက်သွယ်၍လည်း တိုင်ပင်၊ ဆွေးနွေးနိုင်ပါသည်။
ဓမ္မတာလာနေချိန်အတွင်း COVID-19 ကာကွယ်ဆေးထိုးနှံနိုင်ပါသည်။