WebBanner.png

ရိုးမ အိုယူအီး ပန်းလှိုင်ဆေးရုံများလုပ်ငန်းစုမှ ပြည်သူလူထု ပိုမိုလက်လှမ်းမီနိုင်မည့် နှစ်ပတ်လည် အထူးကျန်းမာရေးဆေးစစ်ခြင်းဆိုင်ရာ ပက်ကေ့ဂျ်များဖြင့် မိတ်ဆက်ပေးခြင်း

ရန်ကုန်၊ မြန်မာနိုင်ငံ – ၂၀၂၆ ခုနှစ်၊ မေလ ၂၁ ရက် – မြန်မာနိုင်ငံတစ်ဝန်းရှိ မိဘပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု ပေးအပ်လာခဲ့သည်မှာ ၂၁ နှစ်မြောက် တိုင်ခဲ့ပြီဖြစ်သည့် ပန်းလှိုင်ဆေးရုံကြီးမှ ၎င်းတို့၏ နှစ်စဉ်ပြုလုပ်မြဲဖြစ်သော ကျန်းမာရေးဆေးစစ်ခြင်းဆိုင်ရာ အထူးပရိုမိုးရှင်း ပက်ကေ့ဂျ်များကို လာမည့် မေလ ၂၉ ရက်နေ့မှ ဇွန်လ ၉ ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဂုဏ်ယူစွာဖြင့် ထုတ်ပြန်ကြေညာအပ်ပါသည်။ “Care with Compassion for the Nation” (နိုင်ငံတော်နှင့် ပြည်သူများအတွက် ကရုဏာရှေ့ထား ပြုစုစောင့်ရှောက်ရန်) ဟူသော ကတိကဝတ်နှင့် “Build a Better Myanmar for its People” (ပြည်သူများအတွက် ပိုမိုကောင်းမွန်သော မြန်မာနိုင်ငံတော် တည်ဆောက်ရန်) ဟူသည့် မျှော်မှန်းချက်များအတိုင်း ပန်းလှိုင်ဆေးရုံကြီးသည် တစ်နိုင်ငံလုံးရှိ ပြည်သူလူထုအကြား ရောဂါမဖြစ်ပွားမီ ကြိုတင်ကာကွယ်သည့် ကျန်းမာရေးစောင့်ရှောက်မှု(Preventive Healthcare)၊ ရောဂါကို စောလျင်စွာ စစ်ဆေးတွေ့ရှိနိုင်မှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို ပိုမိုလွယ်ကူစွာ လက်လှမ်းမီနိုင်စေရန် ရည်ရွယ်၍ ဤအစီအစဉ်ကို ဆက်လက်ဖော်ဆောင်ခြင်း ဖြစ်ပါသည်။

ဆယ်စုနှစ် နှစ်ခုကျော်ကာလအတွင်း ပန်းလှိုင်ဆေးရုံကြီးသည် ပြည်သူများအား ၎င်းတို့၏ ကျန်းမာရေးအခြေအနေကို စောစီးစွာ သိရှိနားလည်နိုင်စေရန် လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများဖြင့် တိုက်တွန်းအားပေးခဲ့ပါသည်။ လူတိုင်း လက်လှမ်းမီနိုင်သည့် ကျန်းမာရေးဆေးစစ်မှုများ၊ ကျန်းမာရေးပညာပေး အစီအစဉ်များနှင့် ပြည်သူ့ကျန်းမာရေးဆိုင်ရာ လှုပ်ရှားမှုများမှတစ်ဆင့် ကြိုတင်ကာကွယ်သည့် ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို လက်တွေ့တွင် အများပြည်သူများ သင့်တင့်သော ကုန်ကျစရိတ်ဖြင့် လွယ်ကူစွာ ရရှိနိုင်စေရန် ပန်းလှိုင်ဆေးရုံမှ အစဉ် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါသည်။

ပြီးခဲ့သည့်နှစ် နှစ်ပတ်လည် ကမ်ပိန်းကာလတွင်လည်း လူပေါင်းထောင်ချီအား လက်လှမ်းမီသော ကျန်းမာရေးဆေးစစ်ချက် (“MCU”) ပက်ကေ့ချ်များဖြင့် ထောက်ပံ့ကူညီနိုင်ခဲ့ခြင်းဖြင့် ရောဂါရှာဖွေဖော်ထုတ်ခြင်းနှင့် ကြိုတင်ကာကွယ်ခြင်း၏ အရေးပါပုံကို လှုံ့ဆော်ပေးနိုင်ခဲ့ပါသည်။ ယခုနှစ်တွင်လည်း ပန်းလှိုင်ဆေးရုံကြီးအနေဖြင့် ဤ နှစ်ပတ်လည် အထူးပက်ကေ့ချ် အစီအစဥ်ကို နိုင်ငံတဝန်း ပိုမိုလွယ်ကူစွာ လက်လှမ်းမီနိုင်စေရန် နည်းလမ်း အစုံမှ ဝယ်ယူနိုင်ရန် စီစဉ်ထားပါသည်။

၂၁ နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် ကျန်းမာရေးဆေးစစ်ချက် အထူးပရိုမိုးရှင်း ပက်ကေ့ချ်များကို ပန်းလှိုင်ဆေးရုံကြီးနှင့် ဆေးခန်းများတွင်သာမက HEAL by Pun Hlaing Application နှင့် g&g Convenience Stores ဆိုင်ခွဲများတွင်ပါ ဝယ်ယူရရှိနိုင်မည် ဖြစ်ပါသည်။ ပန်းလှိုင်ဆေးရုံကြီးသည် ကြိုတင်ကာကွယ်သည့် ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို နေ့စဉ်လူနေမှုဘဝနှင့် ပိုမိုနီးစပ်သွားစေရန် ရည်ရွယ်၍ g&g Convenience Stores ဆိုင်ခွဲများအထိပါ တိုးချဲ့ရောင်းချပေးခြင်းကြောင့် မိဘပြည်သူများအနေဖြင့် ပက်ကေ့ချ်များကို လွယ်ကူအဆင်ပြေစွာ ဝယ်ယူနိုင်မှာ ဖြစ်ပါသည်။

ထိုကဲ့သို့ ကျယ်ကျယ်ပြန့်ပြန့် လက်လှမ်းမီအောင် ပြုလုပ်ပေးနေသည့် ဆောင်ရွက်ချက်များကိုကြည့်ပြီး ကြိုတင်ကာကွယ်သည့် ကျန်းမာရေးစောင့်ရှောက်မှုသည် နေရာဒေသ (သို့) အဆင်ပြေမှုအပေါ်တွင်သာ ကန့်သတ်မနေသင့်သည်ဟူသော ပန်းလှိုင်ဆေးရုံကြီး၏ ယုံကြည်ချက်ကို သိနိုင်ပါသည်။ ပြည်သူများ၏ ကျန်းမာရေးနှင့် သုခချမ်းသာကို စောစီးစွာ ဦးစားပေးနိုင်စေမည့် အခွင့်အလမ်းကောင်းများကို HEAL by Pun Hlaing Application၊ ပန်းလှိုင်ဆေးရုံကြီးများ၊ ပန်းလှိုင်မိသားစုဆေးခန်းများ (သို့) ယုံကြည်စိတ်ချရသော အရောင်းဆိုင်များမှတစ်ဆင့် ဆက်လက်ဖန်တီးပေးလျက် ရှိပါသည်။

ထို့အပြင် A Life Insurance နှင့် ပူးပေါင်း၍ အချို့သော နှစ်ပတ်လည် ကျန်းမာရေးဆေးစစ်ခြင်း ပက်ကေ့ချ်များတွင် ပြင်းထန်ရောဂါကုသမှု အာမခံ (Critical Illness Insurance) အကာအကွယ်ကိုပါ ထည့်သွင်းပေးထားပါသည်။ ၎င်းသည် လူနာများနှင့် မိသားစုများအတွက် ပိုမိုစိတ်အေးရစေကာ အနာဂတ်အတွက် အထူးခံစားခွင့်များနှင့် စိတ်ချယုံကြည်မှုကိုပါ ပေးစွမ်းနိုင်မည် ဖြစ်ပါသည်။ ဤထည့်သွင်းမှုသည် ပန်းလှိုင်ဆေးရုံကြီး၏ ကရုဏာရှေ့ထားပြီး ရေရှည်ပြုစုစောင့်ရှောက်မှုအပေါ်ထားရှိသည့် ကတိကဝတ်ကို ထင်ဟပ်စေရုံသာမက ကြိုတင်ကာကွယ်ခြင်း ၊ စောလျင်စွာ ရောဂါရှာဖွေခြင်းနှင့် ရေရှည်ကာကွယ် စောင့်ရှောက်မှုများအတွက်ပါ အထောက်အကူ ဖြစ်စေပါသည်။

၂၁ နှစ်မြောက် နှစ်ပတ်လည် ကျန်းမာရေးဆေးစစ်ခြင်းဆိုင်ရာ အထူးပရိုမိုးရှင်း ပက်ကေ့ချ်များအား HEAL by Pun Hlaing Application နှင့် Corporate Sales များမှတစ်ဆင့် ဝယ်ယူခြင်းကို ၂၀၂၆ ခုနှစ်၊ မေလ ၂၅ ရက်မှ မေလ ၂၈ ရက်နေ့အထိ လည်းကောင်း၊ ပန်းလှိုင်ဆေးရုံနှင့် ဆေးခန်းများ၊ HEAL by Pun Hlaing Application နှင့် g&g Convenience Stores ဆိုင်ခွဲများတွင် မေလ ၂၉ ရက်မှ ဇွန်လ ၉ ရက်နေ့အထိ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့်လည်းကောင်း ဝယ်ယူရရှိနိုင်မည် ဖြစ်ပါသည်။

မီဒီယာများ ဆက်သွယ်ရန်
   

Daw May Ohn Nyunt   

Chief Branding Officer   

Email: mayohnnyuntkyi@punhlainghospitals.com   

   

Daw Pan Kyar Nwe

Communications Lead

Email: pannkyarnwe@punhlainghospitals.com