
သတင်းထုတ်ပြန်ချက်
အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်နိုင်ရန်
ဒီဇင်ဘာ ၁ ရက်နေ့၊ ၂၀၂၅ ခုနှစ်
YOMA OUE ပန်းလှိုင်၏ အမှုဆောင် အရာရှိချုပ်အဖြစ် ဒေါက်တာဇော်ဝင်းစန္ဒီ အား ခန့်အပ်
ရန်ကုန်မြို့၊ မြန်မာနိုင်ငံ၊ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့ — YOMA OUE ပန်းလှိုင်ဆေးရုံများလုပ်ငန်းစုသည် ဒေါက်တာဇော်ဝင်းစန္ဒီအား ၂၀၂၅ ခုနှစ် ၊ ဒီဇင်ဘာလ ၁ ရက်နေ့မှစ၍ အမှုဆောင် အရာရှိချုပ် အဖြစ် ခန့်အပ်လိုက်ကြောင်း ကြေညာလိုက်ပါသည်။ ယင်းနှင့်တပြေးညီ YOMA OUE ပန်းလှိုင်ဆေးရုံများလုပ်ငန်းစုတွင် အမှုဆောင် အရာရှိချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ဒေါက်တာ Gershu Paul မှာ YOPHH ကျန်းမာရေးကောင်စီ၏ ဂုဏ်ထူးဆောင် ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်သွားမည် ဖြစ်ပါသည်။
ထိုကဲ့သို့ ခေါင်းဆောင်ပိုင်း ပြောင်းလဲမှုသည် YOMA OUE ပန်းလှိုင်ဆေးရုံများလုပ်ငန်းစု၏ စနစ်တကျ ကြိုတင်စီမံထားသော အုပ်ချုပ်မှု ဆက်ခံရေး အစီအစဉ်၏ အဓိကမှတ်တိုင်တစ်ခုတစ်ခုဖြစ်ပြီး ထိုအစီအစဥ်ဖြင့် လုပ်ငန်း စဥ်ဆက်မပြတ် လည်ပတ်နိုင်စေရန်၊ ပိုမို ပြည့်စုံကောင်းမွန်သည့် ကျန်းမာရေးဝန်ဆောင်မှုများ ပေးနိုင်ရန်နှင့် “နိုင်ငံသားများအတွက် ပိုမိုကောင်းမွန်သော မြန်မာနိုင်ငံကို တည်ဆောက်ရန်” ဟူသော ပန်းလှိုင်ဆေးရုံများလုပ်ငန်းစု၏ မျှော်မှန်းချက်ကို တိုးမြှင့် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ထားပါသည်။
Dr Gershu Paul သည် သူ၏ လျှောက်လှမ်းခဲ့သည့် ခရီးစဉ်အား ပြန်လည်သုံးသပ်ရင်း ပြောကြားခဲ့သည်မှာ “အကူးအပြောင်း ပြောင်းလဲမှုတိုင်းတွင် ကျွန်တော်တို့အားလုံးဟာ လုပ်ကိုင်နေကျအလုပ်များကို ဆက်လက်လုပ်ကိုင်ရင်း မိမိတို့ရဲ့ အတွေးအခေါ်၊ စွမ်းရည်၊ ပိုပြီး ကောင်းမွန်လာအောင် ပြန်လည်ဖန်တီးဖို့က အရေးကြီးပါတယ်။ နောက်ပြီး ‘ပြည်သူများအတွက် ပိုမိုကောင်းမွန်သော မြန်မာနိုင်ငံတော် တည်ဆောက်ရန်’ ဆိုတဲ့ ရည်မှန်းချက်ကိုလည်း ဆက်လက် လက်စွဲပြုထားဖို့ လိုပါတယ်။ ကျွန်တော်တို့ လုပ်ငန်းတိုးတက်ဖို့နှင့် ရေရှည်မှာ တည်တံ့ဖို့အတွက် သင့်လျော်တဲ့ ဝန်ထမ်းအဖွဲ့ဝင်တွေရှိဖို့က အဓိကကျပါတယ်။ အခုလို ၁၂ နှစ်ကြာပြီးအချိန်မှာ ဒေါက်တာစန္ဒီအနေနဲ့ ဒီတာဝန်ကို ဆက်ခံတာ မြင်ရတဲ့အတွက် ကျွန်တော် အရမ်းဂုဏ်ယူ ဝမ်းသာရပါတယ်။ ကျွန်တော်ကို ဘက်လိုက်တယ်လို့ ထင်ကောင်းထင်နိုင်ပါတယ်။ ဒါပေမဲ့ သူမမှာ အရမ်းအလုပ်ကြိုးစားတဲ့ အဖွဲ့သားတွေ ရှိနေတယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။”
အမှုဆောင် အရာရှိချုပ်အဖြစ် ဒေါက်တာဇော်ဝင်းစန္ဒီသည် ပန်းလှိုင်ဆေးရုံများလုပ်ငန်းစု၏ နောင်လာမည့် ခရီးစဉ်တွင် ဆက်လက်တိုးတက်အောင်မြင်မှုအောင် ဦးဆောင်လုပ်ကိုင်သွားမည်ဖြစ်ပြီး ကျန်းမာရေးစောင့်ရှောက်မှု အရည်အသွေးကို မြှင့်တင်နိုင်ရန် ၊ ကုသမှုအပိုင်းတွင် ပြီးပြည့်စုံပြီး တီထွင်ဆန်းသစ်မှုများကို ဖော်ဆောင်နိုင်ရန် ဆောင်ရွက်သွားမှာ ဖြစ်ပါသည်။ သူမ၏ ခေါင်းဆောင်မှုသည် “နိုင်ငံအတွက် ကရုဏာတရားဖြင့် စောင့်ရှောက်ခြင်း” ဆိုသည့် YOPHH ၏ အမြူတေတန်ဖိုးကို ဆက်လက်ထိန်းသိမ်းသွားမှာ ဖြစ်ပါသည်။
“ပန်းလှိုင်ဆေးရုံများလုပ်ငန်းစုကို ဆေးရုံတစ်ခု၊ ဆေးခန်းတစ်ခန်းကနေ စတင်လာတာ ဒီနေ့မှာဆိုရင် လုပ်ငန်းခွဲ ၁၄ ခုအထိ ရှိလာပြီဖြစ်ပါတယ်။ ဆေးရုံ ၊ဆေးခန်းများကိုလည်း ထပ်မံတိုးချဲ့ဖွင့်လှစ်သွားဖို့လည်း ရှိပါတယ်။ ပြီးခဲ့တဲ့ ဆယ်စုနှစ်နဲ့ အလားတူ ရှေ့လျှာက် ဆက်လက်တိုးချဲ့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အနာဂတ်မှာလည်း ကျန်းမာရေးဝန်ဆောင်မှု ကိစ္စရပ်တိုင်းအတွက် နိုင်ငံတစ်ဝန်းရှိ ပြည်သူတိုင်း အရင်ဆုံး စဥ်စားမိပြီး ယုံကြည်အားထားရတဲ့ အမှတ်တံဆိပ်တစ်ခု ဖြစ်လာနိုင်ဖို့အထိ ရည်ရွယ်ထားပါတယ်” ဟု ဒေါက်တာဇော်ဝင်းစန္ဒီက ပြောကြားခဲ့သည်။
ဒေါက်တာဇော်ဝင်းစန္ဒီသည် YOPHH သို့ ၂၀၁၄ ခုနှစ်တွင် Customer Relationship Manager အဖြစ် စတင်လုပ်ကိုင်ခဲ့ပြီးနောက် Director Talent Management အဖြစ်လည်းကောင်း၊ လုပ်ငန်းလည်ပတ်ရေးရာအရာရှိချုပ် အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ပြီး ယခုအခါ အမှုဆောင် အရာရှိချုပ်အဖြစ်သို့ ခန့်အပ်ခံရခြင်း ဖြစ်ပါသည်။
၂၀၁၄ ခုနှစ်မှစ၍ ပန်းလှိုင်ဆေးရုံများလုပ်ငန်းစု၏ အမှုဆောင် အရာရှိချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး အတွေ့အကြုံများစွာရှိသည့် ဒေါက်တာ Gershu Paul သည် YOPHH ကျန်းမာရေးကောင်စီတွင် မဟာဗျူဟာမြောက် အကြံဥာဏ်များပေးခြင်းဖြင့် ဆေးရုံ ဆေးခန်းများ နှင့် Smart Health Community တို့တွင် နိုင်ငံတကာကျန်းမာရေးစံချိန်စံညွှန်းများနှင့် ကိုက်ညီမှုရှိစေရန် ခေါင်းဆောင်မှုအဖွဲ့အား ဆက်လက်လမ်းညွှန်ပေးသွားမှာ ဖြစ်ပါသည်။
ပန်းလှိုင်ဆေးရုံများလုပ်ငန်းစုအကြောင်း(YOPHH)
ပန်းလှိုင်ဆေးရုံကို ၂၀၀၅ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ပထမဆုံးသော JCI လက်မှတ်ကို ရရှိခဲ့ကာ ၂၀၂၀ ခုနှစ်တွင် ဒုတိယအကြိမ်၊ ၂၀၂၃ ခုနှစ်တွင် တတိယအကြိမ် စုစုပေါင်း ၃ ကြိမ်တိတိ ရရှိခဲ့ပါသည်။ First Myanmar Investment (FMI) နှင့် OUE Lippo Healthcare Limited, Singapore တို့ ပူးပေါင်းကာ မြန်မာနိုင်ငံတွင် အကြီးဆုံးသော ဆေးရုံကွန်ယက်တစ်ခုအဖြစ် တည်ဆောက်ရန် ရည်ရွယ်ပါသည်။ မြန်မာနိုင်ငံနေရာအနှံ့အား ဆေးရုံ၊ဆေးခန်းများနှင့် HEAL by Pun Hlaing Application တို့မှတစ်ဆင့် ကျွန်ုပ်တို့၏ စိတ်ချယုံကြည်ရပြီး အရည်အသွေးမြင့်မားသော ကျန်းမာရေး ဝန်ဆောင်မှုအား လူတိုင်းလက်လှမ်းမီစေရန် ရည်ရွယ်ပါသည်။ ကျွန်ုပ်တို့၏ အမြုတေတန်ဖိုးများ (Core Value) ဖြစ်သော International Quality, Reach, Scale, Godly Compassion တို့အား လက်စွဲပြုကာ ပိုမိုကောင်းမွန်သော မြန်မာနိုင်ငံအား မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအားလုံးအတွက် ပုံဖော်တည်ဆောက်ရန် ရည်ရွယ်ပါသည်။
မီဒီယာများ ဆက်သွယ်ရန်
Pann Kyar Nwe
Branding & Communication Officer
Pun Hlaing Hospitals
Phone: +95 9684 2911 86
Email:pannkyarnwe@punhlainghospitals.com
May Ohn Nyunt Kyi
Chief Branding Officer
Pun Hlaing Hospitals
Phone: +95 9765 612 686
Email: mayohnnyuntkyi@punhlainghospitals.com




