RUN _ HOR-33.jpg

ပန်းလှိုင်ဆေးရုံများလုပ်ငန်းစုမှ ကမ္ဘာ့နှလုံးကျန်းမာရေးနေ့ အထိမ်းအမှတ် လူထုပြေးပွဲ ကျင်းပခဲ့

ရန်ကုန်၊ မြန်မာ | ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၃ ရက် – Yoma-OUE ပန်းလှိုင်ဆေးရုံများလုပ်ငန်းစုသည် ကမ္ဘာ့နှလုံးနေ့ အထိမ်းအမှတ်အဖြစ် ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၃ ရက်နေ့တွင် ပန်းလှိုင်အိမ်ရာ၌ လူထုပြေးပွဲတစ်ရပ် ကျင်းပခဲ့ရာ ပါဝင်သူ ၃၀၀ ကျော် စုစည်းပါဝင်ခဲ့ကြသည်။ အဆိုပါပွဲမှတစ်ဆင့် ကိုယ်လက်လှုပ်ရှားမှု၏ အရေးပါမှုကို အလေးပေးဖော်ပြကာ နှလုံးကျန်းမာရေးနှင့် ရောဂါကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာများကို လူထုအတွင်း ပိုမိုပြန့်ပွားစေရန် ရည်ရွယ်ခဲ့သည်။

3KM နှင့် 5KM အပြေးလမ်းကြောင်းများ ပါဝင်သည့် အဆိုပါပွဲတွင် အသက်အရွယ်နှင့် ကိုယ်လက်ကြံ့ခိုင်မှုအဆင့်အမျိုးမျိုးရှိသူများ ပါဝင်လှုပ်ရှားနိုင်ခဲ့ကြသည်။ တစ်ဦးချင်းစီ၊ မိသားစုများနှင့် လူမှုအသိုင်းအဝိုင်းဝင်များ အတူတကွ ပါဝင်နိုင်သည့် အခွင့်အရေးတစ်ခုဖြစ်သည့်အပြင် ပုံမှန်ကိုယ်လက်လှုပ်ရှားခြင်းနှင့် ကျန်းမာရေးနှင့်ညီညွတ်သော နေထိုင်စားသောက်မှုပုံစံများကို ရွေးချယ်ကျင့်သုံးခြင်းတို့၏ အရေးပါမှုကိုလည်း အလေးပေးဖော်ပြခဲ့သည်။

နှလုံးရောဂါသည် ကမ္ဘာတစ်ဝန်းတွင် သိသာထင်ရှားသော ကျန်းမာရေးစိန်ခေါ်မှုတစ်ခုအဖြစ် တည်ရှိနေဆဲဖြစ်သဖြင့် အသိပညာပေးခြင်းနှင့် ကြိုတင်ကာကွယ်ခြင်းတို့သည် မဖြစ်မနေ လိုအပ်လျက်ရှိပါသည်။ မှန်မှန်ကိုယ်လက်လှုပ်ရှားပြုလုပ်ခြင်း၊ မျှတသော အာဟာရစားသုံးခြင်း၊ ဆေးရွက်ကြီးသုံးစွဲမှုကို ရှောင်ကြဉ်ခြင်းနှင့် သင့်တော်သော ကျန်းမာရေးစစ်ဆေးမှုများ ခံယူခြင်းတို့သည် နှလုံးနှင့် သွေးကြောဆိုင်ရာ ရောဂါဖြစ်ပွားနိုင်ခြေကို လျှော့ချပေးနိုင်သည့် အရေးကြီးသော လုပ်ဆောင်ချက်များဖြစ်သောကြောင့် ပန်းလှိုင်ဆေးရုံများလုပ်ငန်းစုအနေဖြင့် လွယ်ကူစွာ ပါဝင်နိုင်ပြီး စိတ်ဝင်စားဖွယ်ကောင်းသော လှုပ်ရှားမှုတစ်ခုမှတစ်ဆင့် ပြည်သူလူထုကို စုစည်းပေးခြင်းဖြင့် မိမိတို့၏ ရေရှည်ကျန်းမာရေးကို ပိုမိုတာဝန်ယူ ဂရုစိုက်လာစေရန် နှိူးဆော်နိုင်ခဲ့ပါသည်။

“ပြည်သူများအတွက် ပိုမိုကောင်းမွန်သော မြန်မာနိုင်ငံကို တည်ဆောက်မည်” ဆိုသည့် ရည်ရွယ်ချက်နှင့်အညီ Yoma-OUE ပန်းလှိုင်ဆေးရုံများလုပ်ငန်းစုသည် ပညာပေးခြင်း၊ ကြိုတင်ကာကွယ်ခြင်းနှင့် လူထုပူးပေါင်းပါဝင်မှုတို့မှတစ်ဆင့် ဆေးရုံတံတိုင်းများ၏ အပြင်ဘက်အထိ ကျန်းမာရေးစောင့်ရှောက်မှုကို မြှင့်တင်ပေးရန် အစဉ်အမြဲ ကတိပြုထားပါသည်။ ပိုမိုကျန်းမာသော လူ့အဖွဲ့အစည်းတစ်ရပ်သည် ယနေ့ ပြုစုပျိုးထောင်သော အလေ့အထကောင်းများမှ စတင်ပေါက်ဖွားလာသည်ဟု ယုံကြည်လျက် ပြည်သူများနှင့်အတူ လက်တွဲကာ ကျန်းမာသော ဘဝများ၊ ပိုမိုခိုင်မာသော လူမှုအသိုင်းအဝိုင်းများနှင့် ပိုမိုကောင်းမွန်သော အနာဂတ်တစ်ခုကို အတူတကွ တည်ဆောက်သွားမည်ဟု သန္နိဋ္ဌာန်ချထားပါသည်။

ပန်းလှိုင်ဆေးရုံများလုပ်ငန်းစုအကြောင်း(YOPHH)

ပန်းလှိုင်ဆေးရုံကို ၂၀၀၅ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ပထမဆုံးသော JCI လက်မှတ်ကို ရရှိခဲ့ကာ ၂၀၂၀ ခုနှစ်တွင် ဒုတိယအကြိမ်၊ ၂၀၂၃ ခုနှစ်တွင် တတိယအကြိမ် စုစုပေါင်း ၃ ကြိမ်တိတိ ရရှိခဲ့ပါသည်။ First Myanmar Investment (FMI) နှင့် OUE Lippo Healthcare Limited, Singapore တို့ ပူးပေါင်းကာမြန်မာနိုင်ငံတွင် အကြီးဆုံးသော ဆေးရုံကွန်ယက်တစ်ခုအဖြစ် တည်ဆောက်ရန် ရည်ရွယ်ပါသည်။ မြန်မာနိုင်ငံနေရာအနှံ့အားဆေးရုံ၊ဆေးခန်းများနှင့် HEAL by Pun Hlaing Application တို့မှတစ်ဆင့် ကျွန်ုပ်တို့၏ စိတ်ချယုံကြည်ရပြီးအရည်အသွေးမြင့်မားသောကျန်းမာရေး ဝန်ဆောင်မှုအား လူတိုင်းလက်လှမ်းမီစေရန် ရည်ရွယ်ပါသည်။ ကျွန်ုပ်တို့၏အမြုတေတန်ဖိုးများ (Core Value) ဖြစ်သော International Quality, Reach, Scale, Godly Compassion တို့အား လက်စွဲပြုကာ ပိုမိုကောင်းမွန်သောမြန်မာနိုင်ငံအား မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအားလုံးအတွက် ပုံဖော်တည်ဆောက်ရန် ရည်ရွယ်ပါသည်။

မီဒီယာများ ဆက်သွယ်ရန်

Ma Pann Kyar Nwe
Communications Lead
Email: pannkyarnwe@punhlainghospitals.com 

Ma May Ohn Nyunt 
Chief Branding Officer 
Email: mayohnnyuntkyi@punhlainghospitals.com

RUN _ VERTICAL-18.jpg
yoma-177.jpg