
ရန်ကုန်၊ မြန်မာ | ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ – Yoma-OUE ပန်းလှိုင်ဆေးရုံများလုပ်ငန်းစုသည် ကမ္ဘာ့နှလုံးကျန်းမာရေးနေ့ အထိမ်းအမှတ်အဖြစ် နှလုံးသွေးကြောကျန်းမာရေးဆိုင်ရာ ပညာရပ်မျှဝေဆွေးနွေးပွဲတစ်ရပ်ကို ကျင်းပခဲ့ပြီး ဆရာဝန်များ၊ ကျန်းမာရေးစောင့်ရှောက်မှုပညာရှင်များနှင့် အထူးကုဆရာဝန်များ စုစည်းကာ ရောဂါကြိုတင်ကာကွယ်ခြင်း၊ စောစီးစွာသိရှိစစ်ဆေးခြင်းမှသည် ရောဂါရှာဖွေကုသခြင်းနှင့် ရေရှည်စောင့်ရှောက်မှုအထိ နှလုံးသွေးကြောကျန်းမာရေးဆိုင်ရာ အသိပညာများ မျှဝေဖလှယ်ခဲ့ကြပါသည်။
အဆိုပါ ဆွေးနွေးပွဲတွင် နှလုံးသွေးကြောကျဉ်းရောဂါ (Coronary Artery Disease)၊ ရောဂါကို လက်တွေ့ကုသစီမံခြင်းနှင့် ပြန်လည်ကောင်းမွန်လာစေရန် နည်းလမ်းများ၊ ရင်တုန်ခြင်းကို ကုသစီမံခြင်းဆိုင်ရာ နည်းလမ်းများနှင့် မြန်မာနိုင်ငံရှိ ကလေးငယ်များအတွက် နှလုံးကုသစောင့်ရှောက်မှုဆိုင်ရာ “Repairing Little Hearts” အစီအစဉ်တို့အပါအဝင် နှလုံးသွေးကြောကျန်းမာရေးဆိုင်ရာ အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါသည်။ ယင်းဆွေးနွေးမှုများမှတစ်ဆင့် ကျန်းမာရေးစောင့်ရှောက်မှုပညာရှင်များအနေဖြင့် မိမိတို့၏ လက်တွေ့ဆေးကုသမှုဆိုင်ရာ အတွေ့အကြုံနှင့် ကျွမ်းကျင်မှုများကို မျှဝေကာ လူနာများအတွက် ပိုမိုကောင်းမွန်သော စောင့်ရှောက်မှုများ ပေးအပ်နိုင်ရေး နည်းလမ်းများကို အတူတကွ လေ့လာဆွေးနွေးနိုင်ခဲ့ကြပါသည်။
ထို့အပြင် နှလုံးရောဂါကုသမှုတစ်ခုတည်းသာမက ရောဂါကြိုတင်ကာကွယ်ခြင်းနှင့် စောစီးစွာသိရှိစစ်ဆေးခြင်းတို့၏ အရေးပါမှုကိုလည်း အလေးထားဆွေးနွေးခဲ့ကြပါသည်။ နေ့စဉ်လူနေမှုပုံစံနှင့် ကျန်းမာရေးအလေ့အထများသည် နှလုံးသွေးကြောဆိုင်ရာ ရောဂါဖြစ်နိုင်ခြေကို လျှော့ချရန်နှင့် ရေရှည်ကျန်းမာရေးကို ထိန်းသိမ်းရန် အရေးပါကြောင်းကိုလည်း အသိပညာပေးမျှဝေခဲ့ကြပါသည်။
ကမ္ဘာ့နှလုံးကျန်းမာရေးနေ့ အထိမ်းအမှတ် ပညာရပ်မျှဝေဆွေးနွေးပွဲသည် စဉ်ဆက်မပြတ် လေ့လာသင်ယူမှုနှင့် ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် မြန်မာပြည်ရှိ ကျန်းမာရေးစောင့်ရှောက်မှုကို မြှင့်တင်ရန် ပန်းလှိုင်ဆေးရုံများ၏ ကတိကဝတ်ကို ထင်ဟပ်စေပြီး ကျန်းမာရေးစောင့်ရှောက်မှုပညာရှင်များ အချင်းချင်း အသိပညာမျှဝေကာ အတူတကွ တိုးတက်လာခြင်းသည် လူနာများနှင့် လူမှုအသိုင်းအဝိုင်းအတွက် ပိုမိုကောင်းမွန်သော ကျန်းမာရေးစောင့်ရှောက်မှုများ ဖြစ်ပေါ်လာစေမည်ဟု ယုံကြည်ပါသည်။
“ပြည်သူများအတွက် ပိုမိုကောင်းမွန်သော မြန်မာနိုင်ငံကို တည်ဆောက်မည်” ဟူသော ရည်ရွယ်ချက်နှင့်အညီ Yoma-OUE ပန်းလှိုင်ဆေးရုံများလုပ်ငန်းစုသည် ဆေးပညာဆိုင်ရာ ထူးချွန်မှု၊ ရောဂါကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးမှုနှင့် လူမှုအသိုင်းအဝိုင်းနှင့် အဓိပ္ပာယ်ရှိစွာ ပူးပေါင်းဆောင်ရွက်မှုတို့မှတစ်ဆင့် ကျန်းမာရေးစောင့်ရှောက်မှုကို ဆက်လက်မြှင့်တင်ကာ မိမိတို့ စောင့်ရှောက်မှုပေးနေသော ပြည်သူများအတွက် ပိုမိုကျန်းမာသော အနာဂတ်တစ်ရပ် ဖော်ဆောင်နိုင်ရန် ဆက်လက်ကြိုးပမ်းလျက်ရှိပါသည်။
Yoma-OUE ပန်းလှိုင်ဆေးရုံများလုပ်ငန်းစုအကြောင်း(YOPHH)
ပန်းလှိုင်ဆေးရုံကို ၂၀၀၅ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ပထမဆုံးသော JCI လက်မှတ်ကို ရရှိခဲ့ကာ ၂၀၂၀ ခုနှစ်တွင် ဒုတိယအကြိမ်၊ ၂၀၂၃ ခုနှစ်တွင် တတိယအကြိမ် စုစုပေါင်း ၃ ကြိမ်တိတိ ရရှိခဲ့ပါသည်။ First Myanmar Investment (FMI) နှင့် OUE Lippo Healthcare Limited, Singapore တို့ ပူးပေါင်းကာမြန်မာနိုင်ငံတွင် အကြီးဆုံးသော ဆေးရုံကွန်ယက်တစ်ခုအဖြစ် တည်ဆောက်ရန် ရည်ရွယ်ပါသည်။ မြန်မာနိုင်ငံနေရာအနှံ့အား ဆေးရုံ၊ဆေးခန်းများနှင့် HEAL by Pun Hlaing Application တို့မှတစ်ဆင့် ကျွန်ုပ်တို့၏ စိတ်ချယုံကြည်ရပြီးအရည်အသွေးမြင့်မားသော ကျန်းမာရေး ဝန်ဆောင်မှုအား လူတိုင်းလက်လှမ်းမီစေရန် ရည်ရွယ်ပါသည်။ ကျွန်ုပ်တို့၏ အမြုတေတန်ဖိုးများ (Core Value) ဖြစ်သော International Quality, Reach, Scale, Godly Compassion တို့အား လက်စွဲပြုကာ ပိုမိုကောင်းမွန်သော မြန်မာနိုင်ငံအား မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအားလုံးအတွက် ပုံဖော်တည်ဆောက်ရန် ရည်ရွယ်ပါသည်။
မီဒီယာများ ဆက်သွယ်ရန်
Ma Pan Kyar Nwe’
Communications Lead
Email: pankyarnwe@punhlainghospitals.com
Ma May Ohn Nyunt
Chief Branding Officer
Email: mayohnnyuntkyi@punhlainghospitals.com