Untitled design.png

ပန်းလှိုင်ဆေးရုံများ လုပ်ငန်းစု၏ ဓာတ်ခွဲခန်းမှ ISO 15189:2022 နှင့် ISO 15190:2020 အသိအမှတ်ပြုလက်မှတ်များကို ရရှိခဲ့

Yoma-OUE Pun Hlaing Hospitals မှ ၎င်းတို့၏ ပန်းလှိုင် ဓာတ်ခွဲခန်း (Pun Hlaing Laboratory) သည် အရည်အသွေးနှင့် အရည်အချင်းဆိုင်ရာ လိုအပ်ချက်များအတွက် ISO 15189:2022 နှင့် ဘေးကင်းလုံခြုံရေးဆိုင်ရာ လိုအပ်ချက်များအတွက် ISO 15190:2020 အသိအမှတ်ပြုလက်မှတ်များကို အသိအမှတ်ပြုအမှတ် 4422/69 ဖြင့် အောင်မြင်စွာ ရရှိခဲ့ပြီဖြစ်ကြောင်း ဂုဏ်ယူဝမ်းမြောက်စွာ ကြေညာအပ်ပါသည်။

ဤအောင်မြင်မှုသည် မြန်မာပြည်သူပြည်သားများအတွက် တိကျမှန်ကန်ပြီး ယုံကြည်စိတ်ချရကာ ဘေးကင်းသော ကျန်းမာရေးစောင့်ရှောက်မှုကို ပံ့ပိုးပေးနိုင်ရန်အတွက် ဆေးဘက်ဆိုင်ရာ ဓာတ်ခွဲခန်းဝန်ဆောင်မှုများတွင် နိုင်ငံတကာက အသိအမှတ်ပြုထားသော အရည်အသွေး၊ အရည်အချင်းနှင့် ဘေးကင်းရေး စံချိန်စံညွှန်းများကို လိုက်နာကျင့်သုံးရန် ဆက်လက်ကတိပြုထားမှုကို ထင်ဟပ်ဖော်ပြနေခြင်း ဖြစ်ပြီး ဤအသိအမှတ်ပြုလက်မှတ်သည် စံချိန်စံညွှန်းအစုံအလင်ကို ပြည့်မီခြင်းထက် ပိုမိုသောအဓိပ္ပာယ်ကို ဆောင်ပါသည်။ ၎င်းသည် လူနာတစ်ဦးချင်းစီ၏ ကျန်းမာရေးစောင့်ရှောက်မှု ခရီးလမ်းတစ်လျှောက်တွင် ဓာတ်ခွဲခန်းဝန်ဆောင်မှုများသည် ယုံကြည်စိတ်ချရပြီး မရှိမဖြစ်လိုအပ်သော အစိတ်အပိုင်းတစ်ခုအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် နေ့စဉ်နောက်ကွယ်မှ ကြိုးပမ်းအားထုတ်နေကြသော ဓာတ်ခွဲခန်းအဖွဲ့သားများ၏ စေတနာ၊ စည်းကမ်းနှင့် စဉ်ဆက်မပြတ်ကြိုးစားမှုကို ထင်ဟပ်စေသည်။

ပန်းလှိုင်ဆေးရုံများလုပ်ငန်းစုသည် ပြည်သူများအတွက် ပိုမိုကောင်းမွန်သော မြန်မာနိုင်ငံကို ဆက်လက်တည်ဆောက်နေစဉ် နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် အကောင်းဆုံး ကျင့်သုံးဆောင်ရွက်မှုများကို ပြည်တွင်းသို့ ယူဆောင်လာရန် ကျွန်ုပ်တို့ ဆက်လက်ကတိပြုလျက်ရှိပြီး လုပ်ငန်းစဉ်များနှင့် ကျွမ်းကျင်မှုများကို စဉ်ဆက်မပြတ် မြှင့်တင်ခြင်းအားဖြင့် လူနာများ၏ စောင့်ရှောက်မှုအပိုင်းတိုင်းအပေါ် ယုံကြည်မှုပိုမိုရှိလာစေရန် ရည်မှန်းထားပါသည်။

ပိုမိုကောင်းမွန်သော ကျန်းမာရေးစောင့်ရှောက်မှုဆိုသည်မှာ ခိုင်မာသော စံချိန်စံညွှန်းများ၊ ဂရုဏာစေတနာပါသော ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဝန်ဆောင်မှုပေးနေသော လူနာတိုင်းအပေါ် မျှဝေခံယူထားသော ကတိကဝတ်တို့မှတစ်ဆင့် တည်ဆောက်ထားခြင်းဖြစ်သောကြောင့် ပန်းလှိုင်ဆေးရုံများလုပ်ငန်းစုသည် ဆက်လက်သင်ယူခြင်း၊ အစဉ်မပျက် တိုးတက်အောင်လုပ်ဆောင်ခြင်းနှင့် ရှေ့သို့ဆက်လှမ်းသွားမည် ဖြစ်သည်။