IMG_3117 2.JPG

YOMA-OUE ပန်းလှိုင်ဆေးရုံများလုပ်ငန်းစုမှ အောင်မြင်သော (၆၆) ကြိမ်မြောက် ကျောက်ကပ်အစားထိုးခွဲစိတ်မှု (၆၆) ကြိမ်မြောက် အောင်မြင်ခြင်း အထိမ်းအမှတ်ပွဲကို ကျင်းပပြုလုပ်ခဲ့

ရန်ကုန်၊ မြန်မာ – ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၅ ရက် – YOMA-OUE ပန်းလှိုင်ဆေးရုံများလုပ်ငန်းစု (“YOPHH”) သည် ၂၀၂၄ ခုနှစ်တွင် စတင်ခဲ့သော ကျောက်ကပ်အစားထိုး ကုသမှုအစီအစဉ်ကို ၂၀၂၄ ခုနှစ်တွင် စတင်ခဲ့ရာ ၂၀၂၆ ခုနှစ်၊ဩဂုတ်လ ၄ ရက်နေ့တွင် ကျောက်ကပ်အစားထိုး ခွဲစိတ်မှုပေါင်း (၆၆) ကြိမ်ကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပြီး ဒေသတွင်း ကျန်းမာရေးကဏ္ဍ၏ ထင်ရှားသည့် အောင်မြင်မှုတစ်ရပ်အဖြစ် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၄ ရက်နေ့အထိကျောက်ကပ်အစားထိုးခွဲစိတ်မှု (၆၆) ကြိမ် အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ခြင်းကို ဂုဏ်ပြုသောအားဖြင့် The Strand Hotel တွင် အထူးအထိမ်းအမှတ် ညစာစားပွဲကို ကျင်းပခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ အထူးကုဆရာဝန်ကြီးများ၊ဆေးရုံအမှုဆောင်အရာရှိချုပ်များ၊ ပူးပေါင်းဆောင်ရွက်သောမိတ်ဖက် အဖွဲ့အစည်းများနှင့် လူနာ၊ လူနာမိသားစုဝင်များ တက်ရောက်ခဲ့ကြပြီး နောက်ကွယ်မှ ကြိုးပမ်းအားထုတ်မှုများနှင့် အဖွဲ့အစည်း၏ ခိုင်မာအားကောင်းမှုများကိုအသိအမှတ်ပြု ဂုဏ်ပြုခဲ့ကြပါသည်။

YOMA-OUE ပန်းလှိုင်ဆေးရုံများလုပ်ငန်းစုသည် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ၊ အပြည်ပြည်ဆိုင်ရာမှ သတ်မှတ်ထားသော ကျင့်ဝတ်စံနှုန်းများကို အပြည့်အဝ လိုက်နာဆောင်ရွက်လျက်ရှိပြီး "ပြည်သူများအတွက် ပိုမိုကောင်းမွန်သော မြန်မာနိုင်ငံကို တည်ဆောက်မည်" ဆိုသည့် မျှော်မှန်းချက်ကို ဆက်လက် အကောင်အထည်ဖော်လျက် ရှိပါသည်။ ရှုပ်ထွေး ခက်ခဲသော မှုမြင့်မားသော ခွဲစိတ်ကုသမှုများကို ဒေသတွင်း၌ပင် ဆောင်ရွက်ပေးနိုင်ခြင်းဖြင့်နောက်ဆုံးအဆင့် ကျောက်ကပ်ရောဂါဝေသနာရှင် လူနာများအနေဖြင့် ပြည်ပသို့ သွားရောက်ကုသမှု ခံယူရန်မလိုဘဲ မိသားစုများနှင့်အတူ မိမိ၏ မွေးရပ်မြေတွင် စိတ်အေးချမ်းသာစွာဖြင့် ကမ္ဘာ့အဆင့်မီ ကုသမှုကို ခံယူနိုင်စေခဲ့ပါသည်။

Joint Commission International (“JCI”) အသိအမှတ်ပြု ကွန်ရက်တစ်ခုဖြစ်သည့် YOMA-OUE ပန်းလှိုင်ဆေးရုံများလုပ်ငန်းစုသည် လူနာဘေးကင်းလုံခြုံရေး၊ မှန်ကန်သော ဆေးပညာဆိုင်ရာ စီမံအုပ်ချုပ်မှုနှင့် အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်းများကို ဦးစားပေးဆောင်ရွက်လျက်ရှိပြီး အထိမ်းအမှတ်အခမ်းအနားတွင်လည်း ဆေးရုံ၏ အမှုဆောင်အရာရှိများနှင့် အထူးကုဆရာဝန်ကြီးများမှ ကျောက်ကပ်အစားထိုးကုသမှုသည် ခွဲစိတ်မှု တိကျသေချာရုံမျှမက အခြားသောအချက်များစွာ လိုအပ်သည့်အတွက် ကျန်းမာရေးစောင့်ရှောက်မှု၏ စိန်ခေါ်မှုအရှိဆုံး ကဏ္ဍတစ်ခုဖြစ်ကြောင်း အလေးပေးပြောကြားခဲ့ပါသည်။

သို့ဖြစ်ပါ၍ အောင်မြင်သော ကျောက်ကပ်အစားထိုးခွဲစိတ်မှု (၆၆) ကြိမ်မြောက် မိုင်တိုင်သို့ ရောက်ရှိခြင်းသည် စိစစ်သော ကျန်းမာရေးဝန်ထမ်းများ၏ စိစစ်အားထုတ်မှု၊ ကျန်းမာရေးစောင့်ရှောက်မှုပေးနေသော အဖွဲ့တစ်ဖွဲ့လုံး၏ ပူးပေါင်းဆောင်ရွက်မှုနှင့် လူနာများမှ အထူးကုဆရာဝန်ကြီးများနှင့် ဆေးရုံအပေါ် ထားရှိသော ယုံကြည်မှုတို့ကြောင့်ကို ထိန်းသိမ်းနိုင်ခဲ့ခြင်းကြောင့် ဖြစ်ပါသည်။ ခွဲစိတ်မှုတိုင်းတွင် လူနာများကို စိတ်ချလုံခြုံစွာဖြင့် အောင်မြင်သော ရလာဒ်များ ရရှိစေရန် နောက်ကွယ်တွင် ဦးဆောင်ခွဲစိတ်ဆရာဝန်များ၊ ကျောက်ကပ်အထူးကုဆရာဝန်များ၊ အထူးပြုသူနာပြုများ၊ ဆေးဝါး၊ ဓာတ်ခွဲခန်း၊ ဓာတ်မှန်၊ ပြန်လည်သန်စွမ်းရေး၊ ကူညီပံ့ပိုးရေးဝန်ထမ်းများနှင့် သန့်ရှင်းရေးအဖွဲ့များ အပါအဝင်ပေါင်းစပ်ညှိနှိုင်းထားသော ဆေးရုံဝန်ထမ်းကွန်ရက်တစ်ခုလုံးမှ ၂၄ နာရီပတ်လုံး မနားတမ်း ကြိုးပမ်းဆောင်ရွက်ခဲ့ပါသည်။

ယခုလို မိုင်တိုင်သစ်အား စိုက်ထူနိုင်ခဲ့ခြင်းနှင့် ပတ်သက်၍ YOMA-OUE ပန်းလှိုင်ဆေးရုံများလုပ်ငန်းစု၏ အမှုဆောင် အရာရှိချုပ် (“CEO”) ဖြစ်သူ ဒေါက်တာ ဇော်ဝင်းစန္ဒီသည် ကျောက်ကပ်အစားထိုး ကုသမှုဆိုသည်မှာ ဆေးဘက်ဆိုင်ရာ ခွဲစိတ်ကုသမှု တစ်ခုတည်းမဟုတ်ဘဲ လူနာများနှင့် မိသားစုဝင်များအတွက် ၏ ရင်ထဲသို့ မျှော်လင့်ချက်များ၊ ဂုဏ်သိက္ခာများနှင့် ပြည့်စုံပျော်ရွှင်သော ဘဝသစ်ကို ပြန်လည်ဖြည့်ဆည်းပေးခြင်းပင် ဖြစ်ကြောင်း လေးနက်စွာ ပြောကြားခဲ့ပါသည်။

ထို့အပြင် ခိုင်မာစိတ်ချရသော အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် ရေရှည်တည်တံ့သည့် ဆေးဘက်ဆိုင်ရာ စွမ်းဆောင်ရည်များကို မြှင့်တင်ပေးခြင်းဖြင့် မြန်မာနိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍကို ပိုမိုခိုင်မာအောင် တည်ဆောက်သွားမည်ဖြစ်ကြောင်းနှင့် နောင်လာနောက်သား မျိုးဆက်အဆက်ဆက် အနာဂတ်မျိုးဆက်သစ်များအထိ နွေးထွေးဂရုဏာပါသော ကမ္ဘာ့အဆင့်မီ အစားထိုးကုသ စောင့်ရှောက်မှုများကို မိမိတို့၏ မွေးရပ်မြေမှာပင်စိတ်အေးချမ်းသာစွာဖြင့် လွယ်လွယ်ကူကူစွာ လက်လှမ်းမီနိုင်စေရန် ဆက်လက်ကြိုးပမ်းသွားမည်ဟု ကတိပြုပြောကြားခဲ့ပါသည်။

ကုသမှုလုပ်ငန်းစဉ်များကို ပိုမိုလွယ်ကူချောမွေ့စေရန်အတွက် YOMA-OUE ပန်းလှိုင်ဆေးရုံများလုပ်ငန်းစု ၏ ကျောက်ကပ်နှင့် ဆီးလမ်းကြောင်းဆိုင်ရာ ဝန်ဆောင်မှုဌာန (Nephrology & Urology Service Line) သည် အစမှ အဆုံးအထိ ပြီးပြည့်စုံသောအပြည့်အဝ လွှမ်းခြုံနိုင်သော ကုသမှုလမ်းကြောင်းပုံစံဖြင့် ကို ပံ့ပိုးပေးထားပါသည်။ ယင်းတွင် စတင်စမ်းသပ်စစ်ဆေးခြင်း၊ နာတာရှည်ကျောက်ကပ်ရောဂါ စီမံခန့်ခွဲခြင်းမှစ၍ ခွဲစိတ်မှုနှင့် အစားထိုးပြီးနောက်ပိုင်း ပြန်လည်သက်သာလာရေးအထိ ပါဝင်ပါသည်။

လူနာများအနေဖြင့် ကျောက်ကပ်နှင့် ပတ်သက်သော ဝေဒနာများအတွက် တစ်နိုင်ငံလုံးရှိ မည်သည့် ပန်းလှိုင်ဆေးရုံ သို့မဟုတ် ဆေးခန်းများတွင်မဆို တိုင်ပင်ဆွေးနွေးနိုင်ပြီး အထူးပြု ကျောက်ကပ်အစားထိုး ခွဲစိတ်မှုများကို ပန်းလှိုင်ဆေးရုံ(လှိုင်သာယာ) တွင် ဗဟိုပြု ဆောင်ရွက်ပေးလျက် ရှိပါသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖြန့်ကျက်ထားသော Yoma-OUE ပန်းလှိုင်ဆေးရုံများ၊ ဆေးခန်းများနှင့် HEAL by Pun Hlaing Application တို့ဖြင့် မြန်မာနိုင်ငံတစ်ဝန်းရှိ ကျောက်ကပ်လူနာများသည် ကုသမှုခရီးစဉ်၏ အဆင့်တိုင်းတွင်ဆွေးနွေးတိုင်ပင်ခြင်း၊ နောက်ဆက်တွဲ ပြသခြင်းနှင့် လိုအပ်သော စောင့်ရှောက်မှုများကို မိမိတို့နီးစပ်ရာတွင် အဆင်ပြေလွယ်ကူစွာ ရယူနိုင်ကြမည် ဖြစ်ပါသည်။

ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသော စံလုပ်ငန်းလမ်းညွှန်ချက်များကို တိကျစွာ လိုက်နာခြင်းဖြင့် YOMA-OUE ပန်းလှိုင်ဆေးရုံများလုပ်ငန်းစု၏ လုပ်ငန်းဆောင်ရွက်ရေးအဖွဲ့သည် မြန်မာနိုင်ငံတစ်ဝန်းရှိ လူနာများအား ဘေးကင်းလုံခြုံ၍ အချိန်ကိုက်ဖြစ်သော အကြင်နာ မေတ္တာပါသည့် စောင့်ရှောက်မှုများကို ပေးအပ်နိုင်ရန် ဆက်လက် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါသည်။

Yoma-OUE ပန်းလှိုင်ဆေးရုံများလုပ်ငန်းစုအကြောင်း(YOPHH)   

ပန်းလှိုင်ဆေးရုံကို ၂၀၀၅ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ပထမဆုံးသော JCI လက်မှတ်ကို ရရှိခဲ့ကာ ၂၀၂၀ ခုနှစ်တွင် ဒုတိယအကြိမ်၊ ၂၀၂၃ ခုနှစ်တွင် တတိယအကြိမ် စုစုပေါင်း ၃ ကြိမ်တိတိ ရရှိခဲ့ပါသည်။ First Myanmar Investment (“FMI”) နှင့် OUE Lippo Healthcare Limited, Singapore တို့ ပူးပေါင်းကာမြန်မာနိုင်ငံတွင် အကြီးဆုံးသော ဆေးရုံကွန်ယက်တစ်ခုအဖြစ်တည်ဆောက်ရန် ရည်ရွယ်ပါသည်။ မြန်မာနိုင်ငံနေရာအနှံ့အား ဆေးရုံ၊ဆေးခန်းများနှင့် HEAL by Pun Hlaing Application တို့မှတစ်ဆင့် ကျွန်ုပ်တို့၏ စိတ်ချယုံကြည်ရပြီး အရည်အသွေးမြင့်မားသော ကျန်းမာရေး ဝန်ဆောင်မှုအား လူတိုင်းလက်လှမ်းမီစေရန် ရည်ရွယ်ပါသည်။ ကျွန်ုပ်တို့၏ အမြုတေတန်ဖိုးများ (Core Value) ဖြစ်သော International Quality, Reach, Scale, Godly Compassion တို့အား လက်စွဲပြုကာ ပိုမိုကောင်းမွန်သော မြန်မာနိုင်ငံအား မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအားလုံးအတွက် ပုံဖော်တည်ဆောက်ရန် ရည်ရွယ်ပါသည်။