Untitled design.jpg

ပန်းလှိုင်ဆေးရုံများလုပ်ငန်းစုမှ မြန်မာနိုင်ငံတစ်ဝန်း ကျန်းမာရေးစောင့်ရှောက်မှု ပိုမိုလက်လှမ်းမီစေရန် တိုးချဲ့ဖွင့်လှစ်ခဲ့သော ဓာတ်ခွဲခန်းဝန်ဆောင်မှုနေရာသစ်များအား မိတ်ဆက်ပွဲ ပြုလုပ်ခဲ့

ရန်ကုန်၊ မြန်မာနိုင်ငံ – ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက် – Yoma-OUE Pun Hlaing Hospitals Group (ပန်းလှိုင်ဆေးရုံအုပ်စု) သည် Capital Retail Limited နှင့် ပူးပေါင်းဆောင်ရွက်မှုဖြင့် တိုးချဲ့ဖွင့်လှစ်ထားသည့် ဓာတ်ခွဲခန်းဝန်ဆောင်မှုနေရာများကို မိတ်ဆက်သည့် ဖွင့်ပွဲအခမ်းအနားတစ်ရပ်ကို ယနေ့ ကျင်းပခဲ့သည်။ ယခုအစီအစဉ်သည် မြန်မာနိုင်ငံတစ်ဝန်းရှိ ပြည်သူများအတွက် အရည်အသွေးပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှုဝန်ဆောင်များကို ပိုမိုလက်လှမ်းမီစေရန် ကြိုးပမ်းမှု၏ နောက်ထပ်ခြေလှမ်းတစ်ရပ်ဖြစ်သည်။

“ပြည်သူများအတွက် ပိုမိုကောင်းမွန်သော မြန်မာနိုင်ငံတော်ကို တည်ဆောက်မည်” ဟူသော ရည်မှန်းချက်အား လမ်းညွှန်ချက်အဖြစ် ခံယူထားသည့် ပန်းလှိုင်ဆေးရုံများလုပ်ငန်းစုသည် ယုံကြည်စိတ်ချရသော ကျန်းမာရေးဝန်ဆောင်မှုများကို ပြည်သူများနှင့် ပိုမိုနီးကပ်စွာ ယူဆောင်ပေးနိုင်ရန် အစဉ်တစိုက် ကြိုးပမ်းလျက်ရှိသည်။ ထို့အပြင် ဆေးရုံများအတွင်း၌သာမက လူမှုအသိုက်အဝန်းအတွင်း၌ပါ အရည်အသွေးပြည့်ဝသော ကျန်းမာရေးဝန်ဆောင်မှုများကို ပိုမိုအဆင်ပြေလွယ်ကူစွာ ရယူနိုင်ရန် ရည်ရွယ်ဆောင်ရွက်လျက်ရှိသည်။

ယခုအစီအစဉ်သည် ပန်းလှိုင်ဆေးရုံအုပ်စုနှင့် Capital Retail Limited တို့အကြား ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက်နေ့တွင် မြန်မာနိုင်ငံတစ်ဝန်း ကျန်းမာရေးစောင့်ရှောက်မှုဝန်ဆောင်မှုများ ပိုမိုလက်လှမ်းမီစေရန် ရည်ရွယ်၍ နားလည်မှုစာချွန်လွှာ (Memorandum of Understanding – MoU) လက်မှတ်ရေးထိုးခဲ့မှုမှတစ်ဆင့် အကောင်အထည်ဖော်ဆောင်ရွက်လာခြင်းဖြစ်ပြီး အဆိုပါ ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် Capital Retail Limited ၏ လက်လီအရောင်းဆိုင်တည်နေရာများတွင် ဓာတ်ခွဲခန်းဝန်ဆောင်မှုနေရာ စုစုပေါင်း ခုနှစ်ခုကို ဖွင့်လှစ်ထားကာ ပြည်သူများအနေဖြင့် မိမိတို့နှင့် ပိုမိုနီးစပ်သည့် နေရာများမှတစ်ဆင့် ဓာတ်ခွဲခန်းဝန်ဆောင်မှုများကို အဆင်ပြေလွယ်ကူစွာ ရယူနိုင်မည်ဖြစ်သည်။ အဆိုပါ HEAL by Pun Hlaing Laboratories တည်နေရာများမှာ -

  • HEAL by Pun Hlaing Lab – North Dagon (မြောက်ဒဂုံ)
  • HEAL by Pun Hlaing Lab – Pazundaung (ပုဇွန်တောင်)
  • HEAL by Pun Hlaing Lab – Thingangyun, Sanpya (သက္ကန်းကျွန်း၊ စံပြ)
  • HEAL by Pun Hlaing Lab – Aye Thar Yar (အေးသာယာ)
  • HEAL by Pun Hlaing Lab – Chan Aye Thar San (ချမ်းအေးသာစံ)
  • HEAL by Pun Hlaing Lab – Hlaing Thar Yar (လှိုင်သာယာ)
  • HEAL by Pun Hlaing Lab – Hlaing (လှိုင်) ဖြစ်ကြသည်။

ယနေ့ကျင်းပသည့် မိတ်ဆက်အခမ်းအနားတွင် မြန်မာနိုင်ငံတစ်ဝန်းမှ အထွေထွေရောဂါကု ဆရာဝန်များ (General Practitioners – GPs) နှင့် ပြည်သူများ ပါဝင်တက်ရောက်ခဲ့ကြပြီး HEAL by Pun Hlaing Lab တည်နေရာများ၊ သွားရောက်ရယူနိုင်မည့် ဝန်ဆောင်မှုများနှင့် ဝန်ဆောင်မှုရယူရန် အဆင်ပြေလွယ်ကူမှုများကို မိတ်ဆက်ပေးခဲ့သည်။ ယခုအစီအစဉ်မှတစ်ဆင့် ကျန်းမာရေးစောင့်ရှောက်မှုပေးသူများနှင့် လူမှုအသိုက်အဝန်းအကြား ချိတ်ဆက်မှုကို ပိုမိုအားကောင်းစေပြီး ကျန်းမာရေးစစ်ဆေးမှုများကို အချိန်မီပြုလုပ်နိုင်ရန်နှင့် မရှိမဖြစ်လိုအပ်သော ဓာတ်ခွဲခန်းဝန်ဆောင်မှုများကို ပိုမိုအဆင်ပြေစွာ ရယူနိုင်ရန် ရည်ရွယ်ထားသည်။

ယခုတိုးချဲ့မှုသည် ပန်းလှိုင်ဆေးရုံအုပ်စု၏ ပိုမိုချိတ်ဆက်အား ကောင်းမွန်သော ကျန်းမာရေးစောင့်ရှောက်မှုကွန်ရက်တစ်ခု တည်ဆောက်ရန် ကြိုးပမ်းမှုကိုလည်း ထင်ဟပ်စေပြီး ဆေးရုံကွန်ရက်နှင့် ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုများကို လူမှုအသိုက်အဝန်းအတွင်းရှိ ဝန်ဆောင်မှုရယူနိုင်သော နေရာများနှင့် ချိတ်ဆက်ပေးသည့် Hub-and-Spoke Model ကို အသုံးပြုခြင်းအားဖြင့် ကျန်းမာရေးဝန်ဆောင်မှုများကို ပိုမိုနီးကပ်စွာ ရရှိနိုင်စေရန်သာမက လူနာတစ်ဦးချင်းစီ၏ ကုသမှုလုပ်ငန်းစဉ်များ အဆက်မပြတ် ချိတ်ဆက်ဆောင်ရွက်နိုင်ရန်လည်း ရည်ရွယ်ထားခြင်းဖြစ်ပါသည်။

ပြည်သူများ နေထိုင်ရာ၊ အလုပ်လုပ်ကိုင်ရာနှင့် နေ့စဉ်သွားလာလှုပ်ရှားရာ နေရာများအထိ ကျန်းမာရေးဝန်ဆောင်မှုများကို ပိုမိုနီးကပ်စွာ ယူဆောင်ပေးနိုင်မည့် ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် ပန်းလှိုင်ဆေးရုံများလုပ်ငန်းစုသည် မြန်မာနိုင်ငံတစ်ဝန်းရှိ လူမှုအသိုက်အဝန်းများအတွက် အရည်အသွေးပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှုကို ပိုမိုလက်လှမ်းမီစေရန် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ပြီး ပြည်သူများအနေဖြင့်လည်း မိမိတို့၏ ကျန်းမာရေးကို ကြိုတင်ဂရုစိုက်ကာ ပိုမိုကောင်းမွန်သော ကျန်းမာရေးဘဝများကို တည်ဆောက်နိုင်ရန် အထောက်အကူပြုသွားမည်ဖြစ်သည်။

Yoma-OUE ပန်းလှိုင်ဆေးရုံများလုပ်ငန်းစုအကြောင်း(YOPHH)   

  

ပန်းလှိုင်ဆေးရုံကို ၂၀၀၅ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ပထမဆုံးသော JCI လက်မှတ်ကို ရရှိခဲ့ကာ ၂၀၂၀ ခုနှစ်တွင် ဒုတိယအကြိမ်၊ ၂၀၂၃ ခုနှစ်တွင် တတိယအကြိမ် စုစုပေါင်း ၃ ကြိမ်တိတိ ရရှိခဲ့ပါသည်။ First Myanmar Investment (FMI) နှင့် OUE Lippo Healthcare Limited, Singapore တို့ ပူးပေါင်းကာမြန်မာနိုင်ငံတွင် အကြီးဆုံးသော ဆေးရုံကွန်ယက်တစ်ခုအဖြစ် တည်ဆောက်ရန် ရည်ရွယ်ပါသည်။ မြန်မာနိုင်ငံနေရာအနှံ့အား ဆေးရုံ၊ဆေးခန်းများနှင့် HEAL by Pun Hlaing Application တို့မှတစ်ဆင့် ကျွန်ုပ်တို့၏ စိတ်ချယုံကြည်ရပြီးအရည်အသွေးမြင့်မားသော ကျန်းမာရေး ဝန်ဆောင်မှုအား လူတိုင်းလက်လှမ်းမီစေရန် ရည်ရွယ်ပါသည်။ ကျွန်ုပ်တို့၏ အမြုတေတန်ဖိုးများ (Core Value) ဖြစ်သော International Quality, Reach, Scale, Godly Compassion တို့အား လက်စွဲပြုကာ ပိုမိုကောင်းမွန်သော မြန်မာနိုင်ငံအား မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအားလုံးအတွက် ပုံဖော်တည်ဆောက်ရန် ရည်ရွယ်ပါသည်။    

မီဒီယာများ ဆက်သွယ်ရန် 

Ma Pan Kyar Nwe’   

Communications Lead

Email: pankyarnwe@punhlainghospitals.com  

Ma May Ohn Nyunt   

Chief Branding Officer   

Email: mayohnnyuntkyi@punhlainghospitals.com   

1.jpg
2.jpg
3.jpg
4.jpg